Top Menu

စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် မတ်လ (၂၀)ရက်နေ့ ရောက်ရှိနေစဉ် (ဓါတ်ပုံ - Dhaka Tribune)   အဖွဲ့ဝင် ၁၀ဦး ပါဝင်သော ဒု-သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် ၂၀၁၇ခုနှစ် မတ်လ ၁၉ရက်နေ့တွင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ သွားရောက်၍ မောင်တောခရိုင်၌ နယ်မြေရှင်းလင်းရေးအမည်ဖြင့် မြန်မာ့တပ်မတော်၏ လူမဆန်စွာ ဆက်ဆံမှုကြောင့် ထွက်ပြေးခိုလှုံခဲ့ရသော ရိုဟင်ဂျာများအရေးကို ဆွေးနွေးခဲ့ကြသည်ဟု ဘင်္ဂလားဒေ့ခ်ျသတင်းစာများတွင် ဖော်ပြသည်။ အဆိုပါကော်မရှင်အဖွဲ့သည် ကော့ဘဇာကော်မစ်ရှင်နာနှင့် နေ့လည် ၁၁နာရီလောက်တွင် တွေ့ဆုံခဲ့ပြီး နောက် ကူတုပလောင် ဒုက္ခသည်စခန်းသို့ သွားရောက်၍ မြန်မာနိုင်ငံသား ရိုဟင်ဂျာ ဒုက္ခသည်များအား ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့သည်ဟုလည်း ဘင်္ဂလားဒေ့ခ်ျ သတင်းများတွင် ရေးသားဖော်ပြသည်။ ကူတုပလောင်ရှိ ရိုဟင်ဂျာဒုက္ခသည်များနှင့် တွေ့ဆုံရာတွင် ကော်မရှင်က"အဘယ်ကြောင့် ထွက်ပြေးရသည်ကိုမေးမြန်းရာ၊ ဒုက္ခသည်များက မနေနိုင်အောင် မတရားဖိနှိပ်သည့်အတွက် ထွက်ပြေးခဲ့ရကြောင်း ၎င်းတို့မှာ လွန်ခဲ့သော နှစ်…

တရုတ်သမ္မတ ဇီဂျန်ပင်းနှင့် သူ၏အပေါင်းဖော် ရုရှား သမ္မတ ဗလာဒီမာပူတင်တို့ ၂၀၁၅ မေ ၈ ရက်နေ့တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဓါတ်ပုံ -  PPIO)   ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တံခါးပိတ်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက် ထုတ်ပြန်ရာတွင် ရုရှားနှင့် တရုတ်နိုင်ငံတို့က ကန့်ကွက်လိုက်ခြင်းသည် ကမ္ဘာ့လူသားအများစုက ငြိငွေ့လာသော အာဏာရှင် စနစ်ဆိုးများဆက်လက်ရှင်သန်ရေးနှင့် တရုတ် အကျိုးစီးပွားလုံခြုံရေးအတွက်သာ ဖြစ်သည်။ "မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ထိုသို့ လူ့အခွင့်အရေး ချို့ဖောက်နေခြင်းအား လွတ်လွပ်သည့် နိုင်ငံတကာကော်မရှင် တစ်ခုခုက စုံစမ်းစစ်ဆေးရန်လိုကြောင်း တစိုက်မတ်မတ် ပြောဆိုလာခဲ့ကြသည်။ ၎င်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုံခြုံရေးကောင်စီ၌ တံခါးပိတ်ဆွေးနွေးစဉ် တရုတ်-ရုရှားတို့က အင်အားသုံး ကန့်ကွက်ခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော်အာဏာအပိုင်စီးခဲ့သည့် ၁၉၆၀ ခုနှစ်မှစ၍ နိုင်ငံတဝှမ်းရှိ လူနည်းများနှင့်…

လက်နက်ကိုင် နယ်ခြားစောင့်တပ်များက မြန်မာ-ဘင်္ဂလား နယ်စပ် ဖြစ်သည့် ရခိုင်ပြည်နယ် မောင်တောဒေသတွင် နတ်မြစ်တလျောက် ၂၀၁၆ အောက်တိုဘာ ၁၅ ရက်နေ့ ကင်းလှည့်နေစဉ် (ဓါတ်ပုံ - Ye Aung Thu / AFP)   နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးအဖွဲ့မှ ၂၀၁၇ မတ်လ ၁၆-ရက်နေ့တွင် ထုတ်ပြန်သည့် " မောင်တောမြို့နယ်၌ ကျေးရွာသား ၁ ဦးပျောက်ဆုံး " ခေါင်းစဉ်ဖြင့် ရေးသားခဲ့သည့်သတင်းမှာ မဟုတ်မှန်ကြောင်း၊ မာမတ်ရော်ဖီး၏ အသက်မှာလည်း ၂၁-နှစ်မဟုတ်ဘဲ ၄၅-နှစ်ဖြစ်ကြောင်း၊ ရော်ဖီးမှာ မိမိ၏နေအိမ်၌ပင် လုံခြုံစွာရှိနေကြောင်း မောင်တောမြို့နယ် နယ်မြေ-၅ ၊ ဒိုးတန်းကျေးရွာအုပ်စု စဉ်တောင်ရွာနေ ဦးလှတင်က ၂၀၁၇ မတ်လ ၁၇ရက်နေ့တွင် ထုတ်ဖော်ပြောခဲ့သည်။ "မောင်တောမြို့နယ်၊ နယ်မြေ-၅ ဒိုးတန်းကျေးရွာအုပ်စု ၊ စဉ်တောင်ရွာနေ ဦးမာမတ်ရော်ဖီး(ခ) ပြည့်ဝင်းမောင်သည် နယ်ခြားစောင့်ရဲ၊…

လက်နက်ကိုင်နယ်ခြားစောင့်ရဲများက ဘင်္ဂလားနယ်စပ်အနီး မောင်တောဒေသ၌ ၂၀၁၆ အောက်တိုဘာ ၁၅ ရက်နေ့ ကင်းလှည့်စောင့်ကြည့်စဉ် (ဓါတ်ပုံ - Ye Aung Thu / AFP )   ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ တင်းမေကျေးရွာမှ အမည်မဖော်လိုသူ ဆယ်အိမ်မှူးတစ်ဦးက ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သာဦးနှင့်ဒု-အုပ်ချုပ်ရေးမှူး ဟာမီဒူလာတို့၏လူမဆန်သောလုပ်ရပ်များကြောင့် ရွာသားများ နေရပ်စွန့်ခွါထွက်ပြေးကြရန် ပြင်ဆင်နေကြပြီဟု ၂၀၁၇ မတ်လ ၁၅ရက်နေ့တွင် ထုတ်ဖော်ပြောခဲ့သည်။ အဆိုပါဆယ်အိမ်မှူးက "ကျွန်တော်တို့ရဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဗုဒ္ဓဘာသာဝင် ဦးခပ်ဖြူရဲ့သား ဦးကျော်သာဦးနဲ့ ဒု-အုပ်ချုပ်ရေးမှူး အစ္စလာမ်ဘာသာဝင် ဦးဘစာမျာရဲ့သား ဦးဟာမီဒူလာတို့နှစ်ယောက်က ရွာသားများထံမှာ မတော်မတရားငွေညှစ်ကြတယ်၊ ဒီကိစ္စက အောက်တိုဘာလ နယ်မြေရှင်းလင်းရေးနဲ့အတူ စတင်ခဲ့တာပါ၊ နယ်မြေရှင်းလင်းရေးအတွက် စစ်သားတွေ ရွာထဲရောက်လာတော့ သူတို့နှစ်ဦးက ထမင်းစီစဉ် ပေးရမယ်၊ အရက်ဘီယာစီစဉ်ပေးရမယ်ဆိုပြီး ငွေကြေးကောက်ခံတယ်။ ထိုစဉ်က စစ်သားတွေ မုဒိန်းကျင့်ခဲ့တဲ့ အဖြစ်အပျက်လဲရှိတယ်၊ ထားပါတော့…

                     ၂၀၁၆ ဆောင်းရာသီ တံခွန်စိုက်ဖလား(အမျိုးသား) ပြိုင်ပွဲတွင် ဆုရယူအပြီး ဖခင်နှင့်အတူ တွေ့ရသော အမွှာညီအစ်ကို (ဓါတ်ပုံ - ကျော်နိုင်)   မောင်တောမြို့နယ် ငါးခူရကျေးရွာမှ ဒေါ်ဖာသွေမာက သူမ၏အမျိုးသားသည် နိုင်ငံတော်အား အစဉ်ကူညီပေးခဲ့သူဖြစ်သော်လည်း နယ်ခြားစောင့်ရဲများက သူ့ကို မတရား ညှင်းဆဲသတ်ဖြတ်ပြီးနောက် အမွှာသားနှစ်ဦးကိုလည်း ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ကြောင်း ၂၀၁၇ မတ်လ ၁၄ရက်နေ့တွင် ထုတ်ဖော်ပြောခဲ့သည်။ ဒေါ်ဖာသွေမာက "၂၀၁၆ အောက်တိုဘာ ၁၈ရက်နေ့ မနက် ၉း၄၅ အချိန်တွင် စစ်သား ၁၀၀ကျော်ပါဝင်တဲ့ တပ်မတော်စစ်ကြောင်းက ကျွန်မတို့ရွာထဲရောက်လာတယ်၊ ကျွန်မယောက်ျားက ခါတိုင်းလိုဘဲ တပ်မတော်လိုအပ်တာ ကူညီရအောင်ဆိုပြီး အိမ်ပေါ်ကဆင်းသွားတယ်၊ သူ့မိတ်ဆွေ ဂျင်နားခန်းကိုပါခေါ်ပြီး နယ်မြေရှင်းလင်းရေးတွင် ကူညီဖို့ထွက်သွားတယ်၊ နေ့လည်စာစားဖို့ နေ့လည် ၁နာရီကျော်…

"စစ်အာဏာရှင်တို့၏ ဖိနှိပ်ချုပ်ချယ်မှုကို မကြောက်ပဲ လွတ်လပ်မှုရှာကြ"ဟု ပြည်သူအား စေ့ဆော်ခဲ့သော ဒေါ်စုက ယနေ့ သူကိုယ်တိုင် စစ်အာဏာရှင်တို့ကဲ့သို့ပင် ရိုဟင်ဂျာတို့အား နာဇီအကျဉ်းစခန်းပမာ ပိတ်လှောင်ထားဆဲ (Photo - nalanda)   လေးစားအပ်ပါသော ဒီမိုကရေစီခေါင်းဆောင်ကြီးခင်ဗျား ... နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးပြီး ပြည်သူတို့၏နှလုံးသားများသာမက ကမ္ဘာတစ်လွှားမှ လူသန်းပေါင်းများစွာတို့၏ နှလုံးသားများကိုပါ အနိုင်ရကတည်းက ကျွန်တော်အပါအဝင် ပြည်သူအများစုက "ငြိမ်းချမ်းရေးဖော်ဆောင်သူ တစ်ဦးပေါ်ပြီ" ဟု ဂုဏ်ယူဝမ်းသာမဆုံးဖြစ်ခဲ့ရပါသည်။ ဒေါ်စု၏ သမိုင်းဝင်စကားရပ်များအနက် တချို့ကို လူတိုင်းနီးပါး အလွတ်ရနေပါပြီ။ - The only real prison is fear and the only real freedom is freedom from fear. - It is not power that corrupts…

ဂေါတမမြတ်စွာ၏ တရားဓမ္မထက် မိမိ၏အတ္တကို ရှေ့တန်းတင်ထားသော သင်္ဃန်းဝတ် အမည်ခံဘုန်းကြီး ဝီရသူက အဘတို့၏ ရည်ရွယ်ချက်အထမြောက်ရေးအတွက် ခေတ်သစ်နည်းပညာကို အသုံးချနေစဉ် (ဓါတ်ပုံ - Thierry Falise / Getty Images)   အမည်မဖော်လိုသူ သံဃာတော်တစ်ပါးအား ကိုဆွေဝင်း ကိစ္စမေးမြန်းရာ အဆိုပါဆရာတော်က "ဒီကိစ္စတွေ မြန်မာနိုင်ငံမှာ ဆက်နေအုံးမယ်။ သံဃာအယောင်ဆောင် စစ်အာဏာရှင် လက်ကိုင်တုတ်တွေက ဂေါတမမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေ ညှိုးနွမ်းသွားအောင် သိက္ခာချသူတွေသာ ဖြစ်တယ်" ဟု ၂၀၁၇ မတ်လ ၉ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဂေါတမမြတ်စွာဘုရားက လူမျိုးရေးခွဲခြားဆက်ဆံမှု caste system ကို တော်လှန်ရန်သာ ဒီလောကသို့ ကြွတော်မူခဲ့ကြောင်းဘာသာတရား အားလုံးမှာ တူညီတဲ့ ဘုံ ကိုယ်ကျင့်တရားရေးရာ တန်ဖိုးစံနှုံးများရှိကြောင်း ဂေါတမ၏ဂုဏ်တော်များတွင် လူသားအားလုံးကို အကျိုးပြုစေမည့် စံနမူနာများရှိကြောင်း ထိုစံများအား ချို့ဖောက်နေခြင်းသည် ဂေါတမ၏…

မကြာသေးမီက နိုင်ငံတော်ရဲ့ ဂုဏ်ပြုမှုခံခဲ့ရတဲ့ ကိုဆွေဝင်းက အမှန်တရားပေါ် ရပ်တည်လို့ တရားစွဲခံရပြီ။ အသက်ပါ ခြိမ်းခြောက်ခံနေရပြီ။ တရားဥပဒေစိုးမိုးရေး ဆိုတာ ??? (ဓါတ်ပုံ - ရွှေအင်းသားခင်မောင်ဝင်း / BBC Burmese)   နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ၉၆၉ အကြမ်းဖက်ခေါင်းဆောင်နဲ့ မဘသ ဦးဆောင် ဆရာတော် ၀ီရသူကို “ရွေးကောက်ပွဲအပြီး အသံတိတ်သွားတဲ့ မဘသ ပြန်လာပြီ၊ ဝီရသူ ပါရာဇိကကျပြီး ရဟန်းဘဝ နိဌိတံသွားပြီ၊ ပါရာဇိက အခုမှကျတာတော့ မဟုတ်လောက်ဘူး"ဆိုတဲ့ စကားလုံးများနဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဖြန့်ဝေခဲ့တယ်ဆိုပြီး Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးပုဒ်မ၆၆ (ဃ)နဲ့  မန္တလေးမဟာအောင်မြေမြို့နယ် အမှတ် ၇ စခန်းမှာ အမှုဖွင့် တိုင်ကြားလိုက်တဲ့ သူဟာ ကျော်မျိုးရွှေ ဖြစ်တယ်လို့ သိရပါတယ်။…

(ဓါတ်ပုံ - Irrawaddy)   ခေတ်သစ်ကမ္ဘာ၌ လူမျိုးရေး ဘာသာရေး နိုင်ငံရေး လူမှုရေး ပြဿနာများ နယ်မြေအငြင်းပွားမှုပြဿနာများ ရှိသော်လည်း လူမျိုးတိုင်း ဘာသာတိုင်းက မိမိတို့လူမျိုးနှင့် ဘာသာတရားကို ယဉ်ကျေးသော လူ့အသွင်ပြင်ဖြစ်လာအောင် ရုန်းကန်နေကြသည်။ ရခိုင်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင် ဘင်္ဂလီရခိုင်များနှင့် စစ်အာဏာရှင်များက ရခိုင်လူမျိုးကို ကမ္ဘာ့အရိုင်းဆုံး လူမျိုးအဖြစ်လည်းကောင်း ဗုဒ္ဓဘာသာအား အကြမ်းဖက်မှုကို အားအပေးဆုံးသော ဘာသာတရားအဖြစ်လည်းကောင်း ပုံဖော်နေကြသည်။ စစ်အာဏာရှင်များက ၂၀၁၁ ခုနှစ်မှစ၍ ဝီရသူအား အမျိုးသားရေး ခေါင်းစဉ်ဖြင့် အကြမ်းဖက်မှုဖြစ်စေသည့် အမုန်းတရားနှင့် အစွန်းရောက် မျိုးချစ်တရားများဟောရန် ခန့်ထားခဲ့သည်။ အာဏာရှင်များနှင့် ခရိုနီများက အဆိုပါ အကြမ်းဖက်ခေါင်းဆောင်အား သွားရောက်ရှိခိုးခြင်း ငွေကြေးထောက်ပံ့ခြင်းများ ပြုလုပ်လာခဲ့ကြသည်။ ထိုသို့ဖြင့်၂၀၁၂မှစ၍ တစ်နိုင်ငံလုံး၌ အကြမ်းဖက်မှုများ တစ်ခုပြီးတစ်ခု ဖန်တီးပေးလျက် လူမျိုးရေး ဘာသာရေး အဓိကရုဏ်းဖြစ်နေသယောင် ဝါဒဖြန့်ခဲ့သည်။ ရိုးသားသောပြည်သူများနှင့် ယဉ်ကျေးသိမ်မွေ့သော…

စစ်တပ်က ရခိုင်ပြည်နယ်၏ ရုံးသုံးဘာသာစကားအဖြစ် ရခိုင်ပြည်နယ်၏ဒေသခံများဖြစ်ကြသော ရခိုင်စကားနှင့်ရိုဟင်ဂျာစကားသုံးခွင့်မပြုဘဲ ဘင်္ဂလီစကားကို တရားဝင်သုံးစွဲ (ဓါတ်ပုံ - FB)   ရခိုင်ပြည်နယ် မောင်တောမြို့ သရေကုန်ဘောင်နေ ဦးလှမောင်က နယ်လုံဝန်ကြီးနှင့် လဝက ဝန်ကြီးတို့ ပူးပေါင်း၍ ရခိုင်ပြည်နယ်အား ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ်သို့ ပြောင်းစေသည့် စီမံကိန်းများ ရခိုင်ပြည်တွင် စတင် ဆောင်ရွက်နေပြီဟု ၂၀၁၇ မတ်လ ၄ ရက်နေ့တွင် ပြောခဲ့သည်။ ဦးလှမောင်က "စစ်တပ်ရဲ့ အစီစဉ် ကာကွယ်ရေးဝန်ကြီး လက်အောက်မှာရှိတဲ့ နယ်လုံဝန်ကြီးနဲ့ လဝက ဝန်ကြီးပူးပေါင်းပြီး ပထမတော့ မေယု FM လုပ်တယ်။ ဘင်္ဂလီစကားနဲ့ အသံလွင့်တယ်။ နောက်တော့ ရခိုင်ရဲတွေလဲ ဘင်္ဂလီစကား ပြောတယ်။ ခုတခါ ဘင်္ဂလီစာကို မြန်မာစာနဲ့ တွဲသုံးနေတာတွေ့ရတယ်" ဟု ပြောခဲ့တယ်။ မောင်တောမြို့ ရပ်ကွက် (၅) နေ…

Close